မျက်လုံးထဲ ခိုးလိုးခိုးလု ဖြစ်ရတဲ့ အကြောင်းအရင်း
တခါတလေ အရာဝတ္ထု တစ်ခုခုကို ကြည့်လိုက်တဲ့အခါ ရှေ့ကနေ တစ်ခုခုက ကန့်လန့်ကန့်လန့် ဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။ ဒါကို မျက်လုံးထဲ ခိုးလိုးခုလု ဖြစ်နေတယ်ဆိုပြီး ပြောတတ်ကြပါတယ်။
ဒါဟာ များသောအားဖြင့် မျက်လုံးနဲ့ ပတ်သက်လို့ ပြင်ပကနေ အမှိုက်တစ်ခုခု ဝင်တာ၊ ထိခိုက်ဒဏ်ရာ ရတာနဲ့ ပိုးဝင်တာတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒီလို ခိုးလိုးခုလု ဖြစ်ပြီး နေရခက်တဲ့အခါမှာ မျက်စိကို ပွတ်ရာကနေ
- မျက်စိတွေ နီရဲလာခြင်း၊
- မျက်ခွံလေးတွေ ယောင်လာခြင်း၊
- မျက်ဝတ်တွေ ထွက်လာခြင်းအပြင်
- မျက်ရည်ထွက်လာပြီး နေရောင်ဒဏ် မခံနိုင်တော့တာထိ ဖြစ်တတ်ပါတယ်။
မျက်လုံးထဲ ခိုးလိုးခုလု ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့
- ပြင်ပကနေ အမှိုက် ဝင်တာ
- မျက်တောင်မွှေး စူးနေတာ
- အိပ်ရေးပျက်တာ များပြီး အမြင်အာရုံ မကြည်လင်တဲ့အခါ
- မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံးကို ထိတွေ့ကိုင်တွယ်တာတွေ များတဲ့အခါ
- မျက်ကပ်မှန်ကို သေချာ မသန့်စင်ဘဲ တပ်ဆင်တာ
- အချို့သော Eye Makeup တွေနဲ့ မတည့်တာ တွေကြောင့် ဖြစ်တတ်ပါတယ်။
ဒါတွေ အပြင် မျက်စိနာ ရောဂါ၊ မျက်မြှေးရောင် ရောဂါတွေကြောင့်လည်း မျက်လုံးထဲ ခိုးလိုးခုလု ဖြစ်နေတတ်တာကြောင့် အချိန်ကာလ ကြာတဲ့အထိ ခံစားနေရမယ် ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
မျက်လုံးထဲ ခိုးလိုခုလု ဖြစ်တာ မဖြစ်ရလေအောင် သတိထားသင့်တဲ့ အရာတွေကတော့…..
- မျက်လုံးကို လက်နဲ့ အမြဲမပွတ်ပါနဲ့။
- မျက်လုံးကို မှိတ်ချည် ဖွင့်ချည် လုပ်ကြည့်ပါ။
- မျက်လုံးကို ကိုင်တွယ်တဲ့ အခါ သန့်ရှင်းတဲ့ လက်နဲ့ ကိုင်တွယ်ပါ
မျက်လုံးထဲ ခိုးလိုးခုလု ဖြစ်တာက အချိန်ကြာရင် သက်သာသွားတယ် ဆိုပေမဲ့ တခါတရံမှာ ပိုးဝင်တာ၊ အမှိုက်စတွေ ဝင်တာအပြင် တချို့သော အမြင်အာရုံ ပြဿနာတွေ ကြောင့်လည်း ဖြစ်တတ်တဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။
ဒါကြောင့် ဒီလို မျက်စိပြဿနာကို အချိန်ကြာကြာ ခံစားနေရပြီဆိုရင် မပေါ့ဆသင့်ကြောင်း ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)